Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Feb 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင် ဒါလ်း(အကြီးတန်းစာရေး)သည် (၂၃.၂.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(လိုင်ဘုန်)ကျောင်း၌ ဆရာ/မများ၊ ကျောင်းသား/သူများကို တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

28 Feb 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအပါအဝင် ခရိုင်များ၊ မြို့နယ်များရှိစားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးအသိပညာ ပေးခြင်းလုပ်ငန်းများကို ‌စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

28 Feb 2023

   ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားကြောင်းသိရသည်။   ဟိုတယ်အဆင့်အတန်းကို ဟိုတယ် အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများအရည်အသွေး၊ ဟိုတယ် ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှုစံချိန်စံညွှန်းများ

28 Feb 2023

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်  (၂၀.၂.၂၀၂၃) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် (၅) ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

28 Feb 2023

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဖောင်းပြင်းမြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် သည် ( ၂၂.၂.၂၀၂၃ ) ရက်နေ့တွင် ဖောင်းပြင်မြို၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages