သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဒေသာဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့၊စံပြဈေးသို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၂-၂၀၂၃) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများကိုး ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၇) ရက်၊နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ကျန်းမာရေးဦစီးဌာန၊ မြို့နယ်စည်ပင်အဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြို့မဈေးရှိဆေးပစ္စည်းအရောင်းဆိုင်များ၌ DICLON.Mဆေးများတွင် Register မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ တို့အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။