သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ဖေဖော်ဝါရီလ ( ၉ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးဝမြို့ (အ-ထ-က)အထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် စားသုံးသူများသည် လုံခြုံစိတ်ချရသောကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ BOB (mini mart) ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့်ပူးပေါင်း၍ (၉.၂.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၁၀.၂.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စာတိုက်တန်းရပ်ကွက် အမှတ်(၁၅)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၅)ဦး၊ မိဘပြည်သူ(၁၀)ဦး စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Kyone Doe G M Co.,Ltd မှ တင်သွင်းလျက်ရှိသော “မေရာ(Mayra)နေကြာဆီ” အမှတ်တံဆိပ်တူ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ ကျိုင်းတုံမြို့မဈေးအတွင်းနှင့် ရပ်ကွက်လက်လီလက်ကား စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။