Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Feb 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်မှုများဆောင်ရွက်ခဲ့ပါသည်။

15 Feb 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးကဦးဆောင်၍ ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  (အ.လ.က-၃) အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ (၁၅ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၂၁၅ ) ဦး၊ စုစုပေါင်း ( ၂၃၀ ) ဦးအား အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

15 Feb 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)နှင့် ဦးကီးအောင်လိန်း (ဒု-ဦးစီးမှူး)တို့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ညနေ (၀၂း၃၀)နာရီအချိန်တွင် ချင်းပြည်နယ်၊ ဟားခါး မြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ဆိုင်ရာ အသိပညာပေးအခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

14 Feb 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင် ဦးစီးမှူးသည် (၅.၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင်  အင်ပင်မြို့၊ အ.ထ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

14 Feb 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၂)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)က ကျင်းပပြုလုပ်ခဲ့သည်။

Pages