သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့မဈေးအတွင်း ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များမှ ကုန်မျိုးစုံအား မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၁၀.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၉)ရက် နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဂုံမင်းကျေးရွာရှိ မိဘပြည်သူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) တေဇခန်းမ၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၂၂၅)ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို (၉.၂.၂၀၂၃) ရက်နေ့ နံနက် (၁၂:၃၀)မှ (၁၃:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၂.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ပန်းနံသာဈေးတွင် ရောင်းချနေသော ကုန်မျိုးစုံအရောင်းဆိုင်များမှ ကုန်စည်များအား မိတ်ဖက်ဌာန စည်ပင်သာယာအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မင်းကြီးလမ်းရှိ ဆေးဆိုင်များအား ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။