သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းအေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၂-၂၀၂၃) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပပြုလုပ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများစိုက်ဧကပြည့်မီစွာ စနစ်တကျစိုက်ပျိုးနိုင်စေရေးနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက (၉.၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်တွင် ထိန်တောကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူ(၆၄)ဦးအား သွားရောက် တွေ့ဆ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဇန်နဝါရီလအတွင်း ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများရှိ တောင်သူလယ်သမားများထံသို့ သွားရောက်ကွင်းဆင်း၍ အသိပညာပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၃၁-၁-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌဦးဆောင်သော အဖွဲ့ဝင် (၄) ဦးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၅) ဦးတက်ရောက်ခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၉-၂-၂၀၂၃ ရက်နေ့ ၊ နေ့လယ် ၁ : ၀၀ နာရီအချိန်တွင် Zoom Application ကို အသုံးပြု၍ Online Virtual စနစ်ဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် Thursday Talk အား ကျင်းပပြုလုပ်ခဲ့ပါသည်။