သတင်းနှင့် လှုပ်ရှားမှုများ
(၆-၃-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်း ကျေးရွာတွင်ကျင်းပသော “မူပိုင်ခွင့်မှသည် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ် ရုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးရန်နှင့် အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ရန် အသင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁_7.jpg?itok=SL86JXst)
၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များအား သက်ဆိုင်ရာမိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁_6.jpg?itok=r0Jvp3hR)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၈ .၂ .၂ဝ၂ဝ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/88257485_899549860476776_6914292812733218816_o.jpg?itok=enc7aH0g)
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ(၁) ရက်နေ့ (၀၈:၃၀) အချိန်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများမှ တောင်သူလယ်သမားနေ့ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှည့်လည်ကြည့်ရှု အားပေးကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁_5.jpg?itok=N4PP0F3G)
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) သည် အာဆီယံဒေသတွင်းရှိ စားသုံးသူများ Online Shopping မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများနည်းပါးစေရေးအတွက် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့်အချက်များအား ပြုစု၍ အဖွဲ့ဝင် နိုင်ငံ များသို့ဖြန့်ဝေထားပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/01.jpg?itok=dDcdp0-6)