သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင် ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့က (၂၂.၂.၂၀၂၃)ရက်နေ့နံနက် (၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၀.၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ “ထွန်း” ဆေးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြည့်စုံမှုရှိသောဆေးဝါးပစ္စည်းများကိုသာ ရောင်းချစေရေး၊ ဈေးကစားမှုမရှိစေရေးနှင့် ပစ္စည်းများပြတ်လပ်မှုမရှိစေရေးတို့အား ဆောင်ရွက်နိုင်ရန် အသိပညာပေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၂.၂.၂၀၂၃ ရက်နေ့တွင် ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်း ရောင်းချနေသည့် ကုန်မျိုးစုံဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၁၀)ရက်နေ့၊ (၁၀း၀၀)အချိန်တွင်မိတ္ထီလာမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းမိသားစုများနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၃၆)ဦးအား စားသုံးသူကာကွယ်ပေးရေးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။