သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံး၏လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေ(ဒု-ဦးစီးမှူး)သည် (၁၅-၂-၂၀၂၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားမြို့ပေါ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၁၀၅)ဦး၊ စုစုပေါင်း(၁၁၂၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးကာ ကျောင်းမုန့်စျေးတန်း၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံး၊ ဒေါမြို့ရီ(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်အတွင်း (မိတ္ထီလာ-ကျောက်ပန်း တောင်း)ကားလမ်းရှိ စက်သုံးဆီရောင်းချနေသော Farmer ၊ အောင်ကောင်းပြည့် 1 ၊ နဝရတ်၊ နီလာရီုးမ၊ Denko၊ Max နှင့် Regency စက်သုံးဆီဆိုင်များအား စျေးကွက်အတွင်း ရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို ၂၀၂၃ ခုန
ကျောက်မဲမြို့နယ်ရှိ ဆီစက်လုပ်ငန်းများဖြစ်သော ပန်ပေါင်းကျေးရွာရှိ ဉီးကြာယုံဆီစက်၊ ကျွဲကုန်းကျေးရွာရှိ ဉီးစိုင်းအောင်ကြည်ဆီစက်နှင့်အမှတ်(၁)ရပ်ကွက်၊ ပြိန်းနင်ရှိ ဉီးစိုင်ညွန့်ဆီစက်များအား ဆီစက်များတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် ဖြည့်ဆည်းပေးရန် အဆိုပြုလွှာများ လျှောက်ထားရာ အဆိုပါဆီစက်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ (၁၈.၂.၂၀၂၃)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းမ
မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၌ (၂၂.၂.၂၀၂၃) ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊စားသုံးသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ကုန်စည်နှင့်