သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက်(၈:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ရသေ့တောင်မြို့ ဂူတာပြင်အရှေ့တောင်ရပ်ကွက်ရှိ ဒေါ်လှညွှန့်ခင် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်သည့်လုပ်ငန်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။
စားသုံးသူများကို အကာအကွယ်ပေးနိုင်မည့်အခွင့်အရေးတစ်ခုကို အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ကွန်ဂရက်တွင်ကြေငြာခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသော Consumer Conference တွင် စားသုံးသူအခွင့်အရေး (၈) ရပ် ပြဌာန်းသဘောတူညီမှုရခဲ့ပြီး မတ်လ(၁၅) ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ဆောင်ပုဒ်များဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို
၂၀၂၃ မတ်လ ၁၅ ရက်နေ့ နံနက် ၀၉ : ၄၅ နာရီတွင် ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကန့်ဘလူ “မြို့မဈေး”နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိ “ ခရိုင်ပြည်သူ့စာကြည့်တိုက်” တို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.10.jpg?itok=1P88KN_Q)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်း(၃)ဦးသည် မတ်လ ၁၃ ရက်နေ့က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စစ်ကိုင်းမြို့ပေါ်၌ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.9.jpg?itok=6iXkQoE5)
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး (SSSCCI) ခန်းမ၌ (၁၅-၆၃-၂၀၂၃) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ နံနက် (၉:၃၀) အချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းတိုင်းရင်းသာရိုးရာ ကိန္နရီ ကိန္နရာ အကများ ၊ တိုးနယားအကအလှများဖြင့် ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ ၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.8.jpg?itok=uOrN3oio)