Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Feb 2020

        ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဦးဆောင်ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာ၌ ကျင်းပခဲ့ပါသ

07 Feb 2020

       ၂၉.၁.၂၀၂၀ ရက်နေ့ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း တို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ နိဂြောဓာရုံကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၆၈) ဦး တက်ရောက်ခဲ့ပ

06 Feb 2020

     ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပါသည်။

06 Feb 2020

       စားသုံးသူရေးရာဦးစီးဌာန၊   ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ         တာဝန်ရှိသူများသည် (၂၉.၁.၂ဝ၂ဝ) ရက်နေ့ ၌  ရပ်စောက်မြို့၊ အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(ဗထူးတပ်) ကျောင်းများတွင် သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။

06 Feb 2020

     ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမတွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်း စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၉:၃ဝ)နာရီအချိန်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

Pages