သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့သစ်မြို့ မြို့နယ်တာဝန်ခံ ဦးဆယ်မောင် (ဒု-ဦးစီးမှူး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့သစ်မြို့နယ်ရှိ "ပန်းချယ်ရီ၊ ကသစ်ပန်းနှင့် သိဒ္ဓိလင်း"အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်များထံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်ရှိ/မရှိတို့အား ကွင
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ကျိုက်လတ်မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းဇမ္ဗူဆန်စက်မှ လုပ်သားပြည်သူများကို (၁၇-၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများတို့သည် (၂၂.၂.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြိတ်မြို့၊ မြို့မ(၁)ရပ်၊ စာသင်ကျောင်းလမ်းရှိ မီးမီး အမှတ်တံဆိပ် ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်အား တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဒေသာဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့၊စံပြဈေးသို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။