Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Jan 2020

        စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၁.၂၀၂၀ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ အ-ထ-က(၁)တွင် လည်းကောင်း၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ပါသည်။

28 Jan 2020

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သောအဖွဲ့သည် Embasssy of Japan မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki ဦးဆောင်သော Myanmar Japan Joint Initiative Business Environment Working Group တာဝန်ရှိသူများအား (၂၈.၁.၂၀၂၀) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

28 Jan 2020

          ၂၀-၁-၂၀၂၀ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ရုံးခန်းမှာကျင်းပခဲ့ပါသည်။

28 Jan 2020

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ ရွှေညောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ရွှေညောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ၁၉-၁၂-၂၀၁၉ နှင့် ၁၀-၁-၂၀၂၀ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည။ ယင်းသို့ကွင်းဆင်း စစ်ဆေးရာမှ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရန်ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသော စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လု

28 Jan 2020

     ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ထီးလင်းမြို့နယ်တာဝန်ခံ တို့သည် ထီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ မြိုနယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်း (၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။

Pages