Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Feb 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၃-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

20 Feb 2023

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  ခရိုင် FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ (၁၃-၂-၂၀၂၃) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်အရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

20 Feb 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၄-၂-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်အတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

20 Feb 2023

   စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်ရှိ အ-မ-က (အောင်ဇေယျ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

20 Feb 2023

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၈-၂-၂၀၂၃  ရက်နေ့တွင် မုဒုံမြို့နယ်ရှိ ကွေ့ဝမ်းကျေးရွာနှင့် ရွှေပြည်စိုးရပ်ကွက်တို့တွင်လည်းကောင်း၊ ၉-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အောင်သုခရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ သာယာကုန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၀-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ကြက်တန်းမန္တလေးရပ်ကွက်၊ မောင်ငံရပ်ကွက်နှင့် စမ်းကြီးရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကြက်တန်းမန္တလေးရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်

Pages