Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Feb 2023

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ အ-မ-က(ဦးဖြူ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

20 Feb 2023

      မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည် အသင်းသားများစုံညီအစည်းအဝေးကို ၁၁-၂-၂၀၂၃ ရက်နေ့ စနေနေ့တွင် မော်လမြိုင်မြို့ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

20 Feb 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၁၃-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ အေးသာယာဈေး၊ ဇေယျာ (၁) ဈေး၊ ရွှေမြိုင်သီရိဈေးများတွင် အချိုရည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

20 Feb 2023

     စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ အ-မ-က (လွန်)ကန်ညီနောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

20 Feb 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ကရင်ပြည်နယ်ပုဂ္ဂလိကစက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များသည် ၁၅-၂-၂၀၂၃ ရက်နေ့ ၀၉ ၀၀ နာရီအချိန်တွင် စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် လျှောက်ထားလာသော ကရင်ပြည်နယ် ဘားအံစက်မှုဇုံ(၂) ရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္မဏီလီမိတက်၏ ဘီယာ၊ အချိုရည်၊ အချိုမှုန့် ထုတ်လုပ်ခြင်းလုပ်ငန်းသို့ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

Pages