Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2022

        ကရင်ပြည်နယ်အတွင်းရှိလယ်မြေများတွင် ယခင်နှစ်က ရာသီဥတုများ ဆိုးရွားခဲ့ မှုကြောင့် ဆောင်းသီးနှံများဖြစ်သော ဆီထွက်သီးနှံ မြေပဲနှင့် အခြားပဲမျိုးစုံတို့အား စိုက်ပျိုး ထုတ်လုပ်မှု အားနည်းခဲ့သော်လည်း ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော မြေပဲစိုက်ဧကမှာ ၂၆၄၁၇ ဧက၊ နှမ်းစိုက်ဧကမှာ ၃၉၂၇၄ ဧက၊ ပဲတီစိမ်း စိုက်ဧကမှာ ၁၀၈၃၃ ဧက၊ မတ်ပဲစိုက်ဧကမှာ ၈၈၅ ဧက၊ ဘိုကိတ်ပဲစိုက်ဧကမှာ ၂၁၂၃၇ ဧက ၊ ပဲပုပ်စိုက်ဧကမှာ ၉၀၃၅ ဧကနှင့် အခြားပဲမျိုးစုံများလည်း စိုက်ပျိုးထားကြောင်း၊  ရာသီဥတုကောင်း

11 Jan 2022

             အသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျှက်ရှိသော ချိန်းလင့်ခ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက စက်ပစ္စည်းအတွက်  ရင်းနှီးမတည်ငွေ သိန်း၁၅၀ခန့် ရင်းနှီးမြှပ်နှံရကြောင်း၊ ချိန်းလင့်ခ်လုပ်ငန်းထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် သွပ်နန်းကြိုးများကို ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် ၁၅ပိဿာရှိသော သွပ်နန်းကြိုးခွေ တစ်ခွေလျှင် ၅၄၀၀၀ကျပ်ဖြင့် ဝယ်ယူပြီး ကုန်ချောအဖြစ် ချိန်းလင့်ခ်ဇကာအကွက် အစိပ်၊အကျဲပုံစံ အမျိုးမျိုး ထုတ်လုပ်နိုင်ကြောင်း လေ့လာမှုများ

11 Jan 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့်မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်တို့သည် မင်းဘူးမြို့အတွင်း မြေဧက(၂၀)ပေါ်တွင် ဆောက်လုပ်ထားရှိသည့် နဂါးနီပလပ်စတစ် ထုပ်ပိုးပစ္စည်းစက်ရုံသို့  (၅.၁.၂၀၂၂)နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ စားသုံးသူများနေ့စဉ်ဝယ်ယူသုံးစွဲလျှက်ရှိသော ငရုတ်သီး အကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်းအစရ

11 Jan 2022

 

                မွန်ပြည်နယ် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ /ဝန်ထမ်းများ (စားသုံးသူရေးရာဦးစီးဌာန)၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို ၃၀.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းဟောင်းများ/ဝန်ထမ်းများ (စားသုံးသူရေးရာ) စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြသည်။

11 Jan 2022

                စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၅.၁.၂၀၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၈)ဦးအားဖိတ်ကြား၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Pages