Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Jun 2022

                   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုသင်တန်းသို့ တက်ရောက်ကြသော ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

15 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာလေမြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၈)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည

14 Jun 2022

          စားသုံးသူရေးရာဦစီးဌာန၊ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၀.၆.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကားကုန်စုံဆိုင်မျာသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

14 Jun 2022

             ကယားပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွား သင်တန်း (၁/၂၀၂၂)ကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ခန်းမ၌  ဇွန်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ၊နံနက်(၀၉:၃၀)အချိန်မှ ညနေ (၁၅: ၃၀)အချိန်ထိ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းတွင် ကယားပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသ

14 Jun 2022

                 စားသုံးသူရေးရာဦးစီးဌာန၊  ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၂  ခုနှစ်၊ ဇွန်လ (၈)ရက် နေ့နှင့်(၉)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆင့်ပွားသင်တန်း ၁/၂၀၂၂ တွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ  သင်တန်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။ 

Pages