သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်း ချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန် လ (၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၁၁:၀၀)နာရီမှ ညနေ (၁၂:၀၀)နာရီ အထိလည်း ကောင်း၊ ညနေ (၁၅:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ သင်ခ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် မုံရွာတက္ကသိုလ်၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောဆွေးနွေးကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ (၈) ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “သိန်းသန်းစိုး” ယိုစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် ဇွန်လ ၉ ရက်နေ့ နေ့လည် ၁၃ နာရီအချိန်တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “နယူးစတား” ပေါင်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေး ခဲ့ပါသည်
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ ဇွန်လ ၇ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။