သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာရှိ ရေလုပ်ငန်းရှင်များနှင့်ဆားထုတ်လုပ်သူ လုပ်ငန်းရှင် စုစုပေါင်း( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့နယ်၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ စစ်ဆေးရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံဦးဆောင်သောအဖွဲ့သည် (၁၅.၂.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီတွင် ဟင်္သာတမြို့၊ ဗိုလ်မြတ်ထွန်းလမ်းရှိ Max စက်သုံးဆီအရောင်းဆိုင်တွင် အထူး ဈေးနှုန်းဖြင့် Premium ဒီဇယ်နှင့် ရိုးရိုးဒီဇယ်များ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ကျိုက်ထိုမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်နှင့် PT Power စက်သုံးဆီအရောင်းဆိုင်တို့အား သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ် တာဝန်ခံဦးဇော်ဦးတို့မှ (၁၄.၂.၂၀၂၂) ရက်နေ့တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြေ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁.၂.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ပေါင်မြို့ပေါ်ရှိရန်ကုန်-မော်လမြိုင် လမ်းမကြီး၏ လမ်းဘေးဝဲ/ယာရှိစားသောက်ဆိုင်များ၊ အကြော်ဆိုင်၊ အကင်ဆိုင်များ၌ လတ်ဆတ်သော အစားအသောက်ဖြစ်ရန် ထားသိုနည်း၊ သုံးစွဲနည်း၊ သန့်ရှင်းသပ်ရပ်ခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအကြံပြုဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဟံသာအေးကျေးရွာ ဦးသန့်ဇင်အောင်၏ နေအိမ်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးဟောပြောခဲ့ပါသည်။