သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)နေ့နံနက်(၀၉:၀၀မှ၁၀:၁၅)နာရီထိ ညောင်တုန်းမြို့နယ်၊ ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပ ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်ဈေးစားသုံးသူရေးရာအဖွဲ့တို့နှင့်အတူ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဖျာပုံမြို့မဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ကြိုတင်အသိပေးခြင်းနှင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိမုန့်ဆိုင်များ၊ စားသောက်ကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အစီအစဉ်ဖြင့်၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၅)ရက်နေ့လည်(၁၃:၀၀)နာရီတွင် ဖျာပုံခရိုင်(၄)မြို့ နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၁.၂.၂၀၂၂ ရက်နေ့တွင် ပရီမီယံဒီဇယ်နှင့် ရိုးရိုးဒီဇယ် တို့ကို အထူးဈေးနှုန်းဖြင့် ရောင်းချနေသောဘီးလင်းမြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။