သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ “ငွေဇင်” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစ
နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီ များအပေါ် သက်သာသောအထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ စစ်ကိုင်းမြို့၊ ဈေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့ သည် ဒီဇင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ၊ မြို့ရှောင်လမ်းမ ပေါ်ရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီ အရောင်းဆိုင်အား သတ်မှတ်ထားသော အထူးဈေးနှုန်းနှင့် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊အရည်အသွေး၊ အချင်အတွယ် ပြည့်မှီခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည်(၂၁.၁၂.၂၀၂၁)ရက်နေ့ (၁၀:၃၀) အချိန်၌ တောင်တွင်းကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေး အစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအရ မိဘ/ပြည်သူ များအား စားသောက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဝယ်ယူ/သုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိ
စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံပြည်သူများ အစားအသောက်များ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၁)ရက် နံနက် (၁၀:၃၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မင်းဘူးမြို့မဈေးကြီးအတွင်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။