သတင်းနှင့် လှုပ်ရှားမှုများ
ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသော စနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် အမိန့် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လို
ကချင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော စစ်ဆေးရေးမှူးတို့သည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူး၊ ရောင်းချ၊ တင်သွင်း၊ထုတ်လုပ်သည့် နေရာများသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို ၍ တွဲလျက်ဖြစ်စေ ဖော်ပြမှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ဥပဒေနှင့်ညီည
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်တကွ ကော်မတီဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ၁၇-၈-၂၀၂၀ ရက်နေ့ မှ ၂၀-၈-၂၀၂၀ ရက်နေ့အထိ လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း( ၂၁ )ဦး တက်ရောက်ခဲ့ပါသည်။
(၁၉-၈-၂၀၂၀) ရက်နေ့နှင့် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သနပ်ခါးအမည်ခံအလှကုန်များတွင် စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စေျးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။