သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့နယ် မြို့ပေါ်ရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ (၉) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ (၁၇) ရပ်ကွက် အ.မ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၄၅)နာရီက ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် ညောင်တုန်းဈေး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၈) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥ၊ဘဲဥ၊ ကြက်သား၊ ငါးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စာ
