သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး ဖြန့်ဖြူးရောင်းချသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များအား ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဒီဇ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် မြို့လှအခြေခံပညာမူလတန်းသို့ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၁း၃၀)အချိန်တွင် ကျောင်းပြင်ပ မုန့်ဈေးတန်းတွင် မုန့်မျိုးစုံဖြန့်ဖြူးရောင်းချပေးလျက်ရှိသော မုန့်ဆိုင်များတွင် မုန့်ရောင်းချနေမှုအခြေအနေအား စားသုံးသူအသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းသားကျောင်းသူများ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် ဇေယျဝတီမြို့ ပညာမြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်း တွင် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကျောင်းသား/ သူများအနေဖြင့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသောက်သုံးစွဲတတ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် အမှတ်(၁၁)ရပ်ကွက်၊ မြို့လှအခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
