Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jan 2023

      စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၅၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

27 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့သည်  (၁၉.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ တွင် မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့လည်းကောင်း၊ (၂၀.၁.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီတွင် ပဌနဂိုရ်အုပ်စု၊ အင်ဦးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့  ကွင်းဆင်းသွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

27 Jan 2023

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့သည် (၁၉.၁.၂၀၂၃)နှင့် (၂၀.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မကွေးမြို့ပေါ်၌ ဈေးကွက်အတွင်း အများပြည်သူ သုံးစွဲလျက်ရှိသည့် အိမ်သုံးဆိုလာပြားများ ရောင်းချရာတွင် သင့်တင့်မျှတသော ‌စျေးနှုန်းဖြစ်စေရေးနှင့် အများပြည်သူထိခိုက် နစ်နာမှုမရှိစေရေးအတွက် ရောင်းချလျက်ရှိသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (Solar panel, Solar Invertor, Solar Battery) အရောင်းဆိုင်(၆)အာ

27 Jan 2023

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

27 Jan 2023

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်တာဝန်ခံ ဦးကျော်လှိုင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍     (၂၄-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘူးသီးတောင်မြို့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်းမျ

Pages