သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်ရှိ Gasifier အသုံးပြုလည်ပတ်နေသော ဆန်စက်များအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာသုံးစွဲမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ( ၁၅.၁၀.၂၀၂၄) နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲမြင့်ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမ

ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် (၁၃.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ လေးမျက်နှာမြို့ပေါ်ဈေးရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များတွင် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/ မရှိကိုလည်းကောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မတဲကြီးကုန်းလမ်း၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အထည်အမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ဗိုလ်အောင်ကျော် စည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အောက်တိုဘာလ ၁၅ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်းသိကောင်းစရာများကို အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
