သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့နှင့် အတူ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ထူးကြီးဈေးအတွင်းရှိ ဆေးမျိုးစုံ အရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပြတ်လပ်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၂၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် ဟင်္သာတမြို့ ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များအားရောင်းချသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်- ၅၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြား သည်။

စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
