သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်၌ (၁၇-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ မော်တော်ကားများပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မော်တော်ယာဉ်အဝင်/အထွက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/301_0.jpg?itok=JoEw27c0)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံးချုပ် ရုံးအမှတ် (၅၂ )၌ ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ တိုင်းပြည်နယ်ဦးစီးမှူးများနှင့်ကျင်းပပြုလုပ်သော စားအုန်းဆီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/298_0.jpg?itok=NJAnwiGt)
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိကို ညောင်တုန်းမြို့ပေါ် ဆီရောင်းချသည့် ဆိုင်(၁၀)ဆိုင်အား (၁၅-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/297_1.jpg?itok=sARKFwjr)
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၄-၇-၂၀၂၄ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စားသုံးဆီရောင်းချနေသော ဆိုင်(၁၀)ဆိုင်သို့သွားရောက်၍ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/297.png?itok=80xqZUBr)
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၄-၇-၂၀၂၄ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/296.png?itok=gtdIGvmU)