သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန် အတွက်စစ်ဆေးခြင်းနှင့် ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.2_7.jpg?itok=pXSHVV5d)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မုန့်လုပ်ငန်းလုပ်ကိုင်နေသော Li Li မုန့်ဆိုင်သို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/286_2.jpg?itok=g5LcSuv0)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကြီးကြပ်ကာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ပူးပေါင်းပြီး ဒုတိယအကြိမ် (၁၆.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် ဆန်(၁)ပြည် ကျပ်(၃၀၀၀)ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.1_6.jpg?itok=JBCnDGR3)
၁၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ် တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ စားသုံးသူ ကာကွယ်ရေး ဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/18.28.jpg?itok=55ka6Msq)
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မုဒုံမြို့နယ်တွင် အခြေခံစားကုန်၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိကို ၁၅.၇.၂၀၂၄ ရက်နေ့ နံနက်ပိုင်းက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/18.27.jpg?itok=vtriqaMw)