သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှင့် DOT အဖွဲ့တို့သည် ၈-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ Good Brother's Co.,Ltd UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ၂၉မိုင်သို့သွားရောက်၍ ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေများကို အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ညောင်တုန်းဆန်စပါးလုပ်ငန်းရှင်များအသင်းဟောင်းဥက္ကဋ္ဌ၊ အတွင်းအရေးမှုတို့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့ တွေ့ဆုံ၍ (၉-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦးသည် (၉-၁၀-၂၀၂၄)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမများအား Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၉-၁၀-၂၀၂၄)ရက်နေ့တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
