Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jun 2024

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

27 Jun 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

27 Jun 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် (၂၄.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ပြည်တွင်းစားဆန်ဈေးနှုန်းများ တင့်သင့်မျှတစွာဖြင့်တည်ငြိမ်မှန်ကန်စေရေးနှင့် MyRoတွင် သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

26 Jun 2024

          တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် (၁၁း၀၀) အချိန်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ မူလွန် ကံပုံလားမား စာသင်ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

26 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်းထမ်းများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ (၁၄-၆-၂၀၂၄) ရက်နေ့တွင် ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့သွားရောက်ခဲ့ပါသည်။

Pages