သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့၊ ချောင်းဝရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၃_7.jpg?itok=GvaKuac5)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အမှတ်တံဆိပ်ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၂_4.jpg?itok=wD6z3LGB)
စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံးစာဖတ်ဝိုင်းရှိ လူငယ် (၁၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၀_3.jpg?itok=JDMG4dgh)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် (မုံရွာမြို့) သူနာပြုနှင်းသားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ ၊ပထမနှစ်၊ တတိယနှစ် ကျောင်းသား/သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/70_10.jpg?itok=D3HTdZEJ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊ ဇွန်လ၂၂ရက် နံနက် ၀၇:၃၀နာရီအချိန်က ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/ မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/69_10.jpg?itok=JuoXFVWv)