Main menu

ကန့်ဘလူမြို့နယ်တွင် အာဟာရဖြည့်စွက်စာအမျိုးမျိုးအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်၊  မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်  အာဟာရ ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် နွားနို့ကိုအခြေခံ၍ ထုတ်လုပ်ထားသော ကလေးငယ်ဖော်စပ်စာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အာဟာရဖြည့်စွက်စာများကို ရောင်းချရာတွင် အတုအပများကို သတိပြုရောင်းချသွားရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)