Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Dec 2023

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် မိုင်းယောင်း မြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိတောင်သူဦးနွဲ့ရှန်း၏ငရုတ်စိုက်ခင်းအားသွားရောက်၍ ငရုတ်စိုက်ခင်းဖြစ်ထွန်းနေမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား လေ့လာခဲ့ပါသည်။

13 Dec 2023

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်အား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

13 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် အနောက်ပိုင်းခရိုင်အတွင်းရှိဈေးများဖြစ်သော လှိုင်မြို့နယ်၊ အုတ်ကျင်းဈေး၊ လှိုင်ရတနာဈေးနှင့် လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဈေးတို့တွင် စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းများ သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီရောင်းချသောဆီကိုယ်စားလှယ်များအား ဝယ်ရင်းဈေးထက် (၂)

11 Dec 2023

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန် မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများစားဝတ်နေရေး အတွက် အထောက်အပံ့ဖြစ်စေရန် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း သိရသည်။

11 Dec 2023

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊  ဟော်တယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ ပိဿာလျှင် ၅၉၅၀/

Pages