Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Jun 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးသည် ခရိုင်ဦးစီးမှူးများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ (ယာယီ)နှင့် တိုင်းအတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိသော ဆီကန်သို့သွားရောက်ခဲ့ပါသည်။

26 Jun 2024

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် (၁၉.၆.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်   ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ (၇၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

26 Jun 2024

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ တောင်သူလုပ်ငန်းရှင်များအား (၁၇.၆.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အသိ ပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

26 Jun 2024

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်မှ အကြီးတန်းစာရေး ဒေါ်လှနှင်းနွယ်သည်  (၁၇.၆.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် အင်္ဂပူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

26 Jun 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၇.၆.၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင်  မြို့ပေါ်ရပ်ကွက် နှင့် ပဒေသာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်(၁၀)         ဆိုင်အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages