ကုန်သွယ်မှုသတင်းများ
လန်ဒန် (Reuters) - Wall Street စတော့ရှယ်ယာဈေးကွက်နှင့်အမီလိုက်နိုင်ရန်နှင့် ဥရောပသမဂ္ဂတွင် စတော့ရှယ်ယာရောင်းဝယ်မှုပြဿနာများကို လျင်မြန်လွယ်ကူစွာဖြေရှင်းနိုင်ရန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပြီး ယင်းကုန်ကျစရိတ်များနှင့်ပတ်သက်၍ စျေးကွက်ပါဝင်သူများနှင့် အတိုက်အခံများမှာ စတော့ရှယ်ယာဈေးနှစ်ဆကျဆင်းလာခြင်းကြောင့် ကုန်ကျစရိတ်များအတွက် စိုးရိမ်နေရကြောင်း EU တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံ ၂၇နိုင်ငံအစုအဖွဲ့အနက် အီးယူသည် Deutsch
စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၈-၆-၂၀၂၄ ရက်နေ့တွင် သထုံမြို့၊ နန်းခဲရပ်ကွက်တွင် ဆန်/စပါးလုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၇-၆-၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်၊ မင်္ဂလာဈေးအရှေ့တွင် ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်များတွင် ရော်ဘာ၊ သီဟို၊ ကွမ်းသီးများစိုက်ပျိုးထားလျက်ရှိပြီး ကွမ်းသီးမှာ စျေးကွက်ပုံမှန်တည်ရှိလျက်ရှိပါသည်။ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိကျေးရွာများထဲမှ စန္ဒဝတ်၊ ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ကျောက်ဖြူ၊ မရမ်းပင်ချောင်း၊ သမုတ်၊ ပင်းအို၊ လော့လော့၊ နန်းတော်ရာ၊ တုန်းဗျော၊ မဇော၊ သကန်(ရွာဟောင်း)၊ မရင်း၊ တပ်တောင် စသည့်ကျေးရွာတို့တွင် ကွမ်းသီးအများဆုံးထွက်ရှိပြီး မြို့ပေါ်ရှိအဝယ်ဒိုင်ကြီးများမှဝယ်ယူကာ ကွမ်းသီးခြောက်၊ ကွမ်းသီးခြမ်း၊ ကွမ်းသီးပုတ်မျာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
