Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Mar 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် (၁/၂၀၂၂) ကြိမ်၊ (၂/၂၀၂၂) ကြိမ် နှင့် (၃/၂၀၂၂)ကြိမ်များကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ (၂၆.၂.၂၀၂၂) အထိ စားအုန်းဆီပိဿာစုစုပေါင်း (၁၁၀၀၀၀)၊ တန်အားဖြင့် (၁၁၄) တန်ကို မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပါသည်။

25 Mar 2022

            မုံရွာကုန်စည်ဒိုင်၌ မတ်လ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံပေါက်စျေးနှုန်းများမှာ ဂျုံဖြူသန့်တစ်တင်း ကျပ်၃၉၀၀၀၊ ဂျုံထွက်တိုးတစ်တင်း ကျပ်၃၄၇၀၀၊ ကုလားပဲထိုင်ဝမ်တစ်တင်း ကျပ်၄၀၀၀၀၊ ကုလားပဲ 929 တစ်တင်း ကျပ်၄၀၃၀၀၊ ကုလားပဲV2 တစ်တင်း ကျပ်၄၂၅၀၀၊ ပဲစဉ်းငုံတစ်တင်း ကျပ်၄၃၇၀၀၊ ပဲတီစိမ်းကြီး တစ်တင်း ကျပ်၃၆၀၀၀၊ ပဲကြီးတစ်တင်း ကျပ်၅၂၀၀၀မှ ကျပ်၅၇၀၀၀ထိ၊ ပဲနီလုံးရိုးရိုးတစ်တင်း ကျပ်၄၀၂၀၀၊ မလွမ်းပိုတစ်တင်း ကျပ်၄၂၀၀၀၊ မတ်ပဲတစ်တင်း ကျပ်၄၅၅၀၀၊ ပုဂံပဲတစ်တင်း ကျပ်၅၅၀၀၀၊ မြေ

25 Mar 2022

          မော်လမြိုင်မြို့၌ ယခုမတ်လစတုတ္ထအပတ်တွင်ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ကောင်းလာပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းပုံမှန်ရှိနေကြောင်း သိရှိရသည်။

25 Mar 2022

           မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ ၅၀၂၁၄၁ ဧကရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ ၅၀၁၇၁၈ ဧကရှိသည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် စိုက်ဧက (၄၂၃) ဧက ကျဆင်းလာကြောင်း တွေ့ရှိရသည်။

25 Mar 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့သည် (၁၇.၃.၂၀၂၂) ရက်နေ့ နံနက် ၁၀:၀၀နာရီ အချိန်တွင် ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာရှိ ဖရဲသီးစိုက်တောင်သူနှင့်တွေ့ဆုံ၍ ဖရဲဈေးနှုန်းဈေးကွက်အခြေအနေနှင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အကျိုးအမြတ်တို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

Pages