ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ နေ့စဉ် ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များ နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကာ တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ကျော်ရောင်းဝယ်မှုဖြစ်ပြီး ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၉၀၀၀၀ကျပ်မှ ၉၂၀၀၀ကျပ်၊ (ကမ်းနား) တစ်တင်းလျှင် ၈၅၀၀၀ကျပ်မှ ၈၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေခဲ့ကြပါသည်။ ယခင်နှစ်တွင် ပဲကြီးသီးနှံသည် မတ်ပဲသီးနှံထက်ပင် ဈေး

ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ လက်လီ/လက်ကား နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ရက်လျှင် အိတ် (၃၀/၄၀) ကျော် ဒေသတွင်းလ်လီသမားများဝယ်ယူမှုရှိကြပြီး ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိခဲ့သောကြောင့် ရန်ကုန်ဝယ်လက်အဝယ်ရှိသည့်ရက်တွင် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၁၅၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးမှာ ဇူလိုင်လအတွင်း တက်ဈေးဖြင့်သာရောင်းဝယ်နေသည့်အတွက် တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်နှစ် သြဂုတ်လ ကာလတူချိန်ရရှိခဲ့သေ

ပြည်ဈေးကွက်အတွင်း မိုးရာသီရောက်သည်နှင့်အညီ ဟင်းသီးဟင်းရွက်များ မိုးရေရကာ အထွက်များ၍ လှိုင်လှိုင်ပေါ်ထွက်သဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကျဆင်းသွားကြောင်း သိရပါသည်။ ထိုဟင်းသီးဟင်းရွက်များထဲရှိ ကြောင်လျှာသီးဈေးနှုန်းမှာ ယခင်ဇွန်လဆန်း၌ အဝင်နည်းပြီး ရှားပါးချိန်ဖြစ်၍ ကျပ် (၈၀၀-၉၀၀) နှုန်းရှိခဲ့ပြီး ယခုသြဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပတ်လျှင် တစ်ရက်ခြားအဝင်ရှိ၍ ကျပ် (၄၀၀-၅၀၀) နှုန်းဖြင့်ရောင်းဝယ်မှုရှိနေပါသည်။ အဝင်မှာ တစ်ကြိမ်ဝင်လျှင် မြို့ပေါ်ဈေးများသို့ အတောင့် ၅၀တစ်ပတ်လည်ခ

သြဂုတ်လ၊ ဒုတိယအပတ်တွင် ပြည်ကြက်သွန်ဈေးမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျပ် (၃၀၀-၄၀၀) နှုန်းခန့်ကျဆင်းသွားလျက်ရှိပြီး ဝင်ရောက်မှုမှာ မြစ်ရေကြီး၍ လမ်းရေကျော်နေသောကြောင့် သိသိသာသာအဝင်နည်းသွားကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ လက်ကျန်ကြက်သွန်နီများသာအဝင်ရှိပြီး ဆိပ်ဖြူ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းဘက်မှသာ အဝင်ရှိနေသည်။ ဝင်ရောက်မှုမှာလည်း ယခင်လအဝင်ပိဿာချိန် ၃သောင်းခန့်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့်အဝင်နည်းသွားပြီး သြဂုတ်လ၊ ဒုတိယအပတ်တွင် ပိဿာချိန် (၁)သောင်းခန့်သာ အဝင်ရှိနေသ

ပေါင်မြို့နယ်တွင် ယခင်လက စပါးချော အကျဘက်သို့ ဦးတည်ဖြစ်ပေါ်ခဲ့သော်လည်း ယခုလဆန်းပိုင်းတွင် စပါးဈေးများပြန်လည်မြင့်တက်သွားပြန်ပါသည်။
