Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Aug 2024

      ဝါးဂျယ်လီ (ခ) ဝါးပလုတ်သည် မိုးရာသီကာလဖြစ်သော ဝါဆိုလမှ သီတင်းကျွတ်လနှင့် ဆောင်းရာသီကာလများတွင်လည်းရရှိနိုင်ပါသည်။ တစ်နှစ်တစ်ခါ မိုးရာသီကာလမှသာ ရတက်သည့်ဝါးပလုတ်သည် ဝါးပင်မှရရှိသော အဆီအနှစ်ဖြစ်သည့်အတွက် ဆေးဖက်လည်းဝင်ပါသည်။ ဝါးပလုတ်ကို ပျားရည်၊ နို့ဆီ၊ နို့စိမ်း၊ သံပရာ၊ ဆီး၊ နို့သစ်ခွ၊ သကြား စသည်တို့နှင့်တွဲဖက် ဖျော်စပ်ပြီး သောက်နိုင်ပါသည်။ ဝါးပလုတ်ကို ဘူးတစ်ခုတည်း၌ထည့်ပြီး သိမ်းထားလျှင် (၁၅)ရက်မှ (၁)လခန့်ထိခံပါသည်။           ယခုအခါ ဝါတွင်းကာလ၌ အလှူပွဲများတွင်လည်း အအေးအနေ

07 Aug 2024

       ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့နယ်များမှ ရထား၊ ကားများဖြင့် တင်ပို့ရောင်းချကြသည်။ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာများ၌လည်း အများဆုံးစိုက်ပျိုးရောင်းချနေပြီး ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အကြီး/အသေးပေါ်မူတည်၍ (၅၀၀ကျပ်-၄၀၀ကျပ်-၃၅၀ကျပ်)ဖြင့်ရောင်းချကြပါသည်။ ရန်ကုန်-ပြည်-ရထားလမ်း၊ ကားလမ်းတစ်လျှောက်တွင်လည်း ပြောင်းဖူးပြုတ်၊ ပြောင်းဖူးဖုတ်တစ်ဖူးလျှင် (၇

07 Aug 2024

       ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်အား အမြတ်တနိုးထားရှိကြပြီး ဘုရားပန်းများမညှိုးနွမ်းအောင် လဲပေးတတ်ကြသကဲ့သို့ ယခုကဲ့သို့သော ဝါတွင်းကာလများတွင် ဘုရားစေတီ၊ ကျောင်းကန်များ၌ ဘုရားပန်းလှူသည့် ကုသိုလ်ကောင်းမှုများကို ပိုမိုပြုကြသဖြင့် မြို့တိုင်းရှိဈေးများတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။

07 Aug 2024

        တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်းမှာ အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက် ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမတောင်တန်း၊ တောင်စောင်းများတွင် ပေါက်ရောက်သည်။

07 Aug 2024

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် မိုးပဲလွန်းကို တောင်သူ(၅၀)ဦးမှ ဧက(၁၅၀၀)ဧကနီးပါး စိုက်ပျိုးထားကြောင်း သိရသည်။

Pages