Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Aug 2024

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ်(50)k (၁)အိတ်လျှင် ကျပ်(၁၄၃၀၀)၊ ဆင်နီ(ထိုင်း)အမှတ်တံဆိပ်(50)k (၁)တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ Apacheအမှတ်တံဆိပ်(50)k (၁)အိတ်လျှင် ကျပ်(၁၃၅၀၀)ရှိကြောင်း သိရပါသည်။ ယခုအပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်အတွင်း ဘိလပ်မြေပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရပါသည်။

07 Aug 2024

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် ကွမ်းသီးပင်များ စိုက်ပျိုးထားလျက်ရှိရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများက ဝယ်ယူကာ ကွမ်းသီးခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင်  ၎င်းတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

07 Aug 2024

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာပါဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဈေးနှုန်းဖြင့် (၄၅)ပိဿာဝင် အိတ်(၉၀) အိတ်အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်းနှင့် နှမ်းသီးနှံမှာ ကုန်သည်များ၏ လက်ဝယ်တွင် အနည်းငယ်မျှသာ ကျန်ရှိနေပါသဖြင့် အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိပါကြောင်း သိရပါသည်။

07 Aug 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကိုမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

07 Aug 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ယခု၂၀၂၄ခုနှစ်တွင် ဝါသီးနှံစိုက်ဧက (၃၅၀၆၆)ကျော်လျာထားပြီး ဇူလိုင်လတွင် စိုက်ဧက(၅၀၀၀)ခန့် စိုက်ပျိုးထားပြီးဖြစ်ကြောင်း မင်းလှမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။

Pages