ကုန်သွယ်မှုသတင်းများ
ကျိုင်းတုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးရန် ဆန်ဖူလုံပိုလျှံစေရန်အတွက် ကျိုင်းတုံမြို့နယ်တွင် မိုးစပါး၊ လယ်လျာထားဧက (၄၃၄၂၇)၊ ယာလျာထားဧက (၂၈၉၂)၊ တောင်ယာ လျာထားဧက (၁၅၉၁) ရှိပါသည်။ ယင်းလျာထားမှုများမှ လယ်စိုက်ဧကများမှာ (၂၃၃၁၇) ဧက၊ ယာစိုက်ဧက (၂၈၇၇)၊ တောင်ယာစိုက်ဧက (၁၅၄၇)ဖြစ်၍ လက်ရှိအချိန်ထိ မိုးစပါးဧကစုစုပေါင်း (၂၇၇၄၁) စိုက်ပျိုးပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရှိရပါသည်။
မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ဧရာဝတီမှ (၁၂၄၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၅၀၄၀) အိတ်ခန့်၊ ပဲခူးမှ (၄၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၈၅၂၀) အိတ်ခန့်၊ စုစုပေါင်း (၁၅၂၈၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၇၆၄) တန်ခန့် စီးဝင်ခဲ့သည်။ ယခုဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဧရာဝတီမှ (၂၁၈၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၃၁၂၀) အိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ကံဟိန်းနှင့် ဟိန်းစည်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများလည်းရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များမှ ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများသယ်ယူရောင်းချလျက်ရှိပါသည်။ ဇူလိုင် (ဒုတိယပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ဇူလိုင်လ(စတုတ္ထပတ်) တွင် ဒေသတွင်းကြက်သွန်နီစိုက်ပျိုးရာကျေးရွာများနှင့် ချောက်၊ စလင်း၊ ပွင့်ဖြူဒေသများမှ ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၁၅၀၀၀-၂၀၀၀၀)ထိဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပတ်အတွင်း ကုန်ချိန် ပိဿာ(၂၅၀၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်မှုနည်းပြီး မြို့ပေါ်ရှိပွဲရုံများတွင်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်လက်ပွဲစားမျာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၉-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားအသင်းရုံး၌ စားသုံးသူပြည်သူများအား စတုတ္ထအကြိမ်မြောက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆန်ရောင်းချပေးမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
