ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလတ်ဒေသတစ်ခုဖြစ်ပြီး အခြားတိုင်းဒေသကြီးများထက် ပဲ၊ နှမ်း၊ နေကြာနှင့်ဝါ စသောဆီထွက်သီးနှံများ အဓိကစိုက်ပျိုးထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များတွင် ဘိလပ်မြေများကို ဇူလိုင်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ရေ (၂၅၅၉၅)အိတ်နှင့် သာစည်မြို့နယ်ရှိ ပြည်ညောင်မှ ဘိလပ်မြေအိတ်ရေ(၁၄၅၁၅)၊ စုစုပေါ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့သို့ ကျောက်ပန်းတောင်းဒေသထွက် ရာသီပေါ် နဂါးမောက်သီးနှင့် မာလကာသီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိဆန်တင်ပို့မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားမည်ဆိုပါက ယခုနှစ်တွင် ဆန်တင်ပို့မှုသည် စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ဆန်တင်ပို့သည့် GLE ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Vu Tuan Anh က ပြောကြားခဲ့သည်။
