Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
31 Jul 2024

    MEAF ၏ ပို့ကုန်ဌာနအကြီးအကဲ Afi Akbar Shadmani သည် နိုင်ငံအရှေ့မြောက်ပိုင်း Mashbad မြို့အခြေစိုက် Khoshgovar ကုမ္ပဏီမှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် ဇူလိုင်လ ၂၇ ရက်(စနေနေ့)က အမိန့်ထုတ်ပြန်ခဲ့သည်။

31 Jul 2024

      အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်ရည်ရွယ်၍ နှစ်ရှည် ဗီဇာအစီအစဉ်ကို ဇူလိုင် ၂၅ ရက်နေ့က စတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူမျာအား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည် ဖြစ်သည်။ အနည်းဆုံး ဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီတစ်ခုတည်ထောင်ရန်စီစဉ်သည့် တစ်ဦးရင်းနှီးမြှုပ်နှံသူများသည် ၅ နှစ်အထိ နေထိုင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ သန်းရှိလျှင် အစိုးရက ၎င်းတို့အား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဖြစ်သည်။

31 Jul 2024

      ပြင်သစ်နိုင်ငံပိုင် အိန္ဒိယအခြေစိုက် HMD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏အမှတ် တံဆိပ် Smart Phone အသစ်များအားလုံးကို ထုတ်လုပ်ပြီး ကမ္ဘာ့အခြားဒေသများသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း ထိပ်တန်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၅ ရက် (ကြာသပတေး)နေ့က ပြောကြားခဲ့သည်။

31 Jul 2024

      တောင်အာဖရိကသည် ရွှေ၊ စိန်နှင့်ပလက်တီနမ်ကဲ့သို့သော သတ္တုများအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းအရင်းအမြစ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဩစတြေးလျကဲ့သို့သော နိုင်ငံများအပေါ်  မှီခိုနေရမှုကို လျှော့ချရန်အတွက် လယ်ယာထွက်ကုန် များ ပိုမိုတင်ပို့နိုင်စေရန် ကြိုးပမ်းလျက်ရှိသည်။ အသစ်ခန့်အပ်ထားသော တရုတ်သံအမတ် Wu Peng က ဘေဂျင်းသည် အစားအစာတင်ပို့မှုအမြန်လမ်းကြောင်းပေါ်ရှိ စီမံချက်များကို အကောင်အထည်ဖော်နေကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။

31 Jul 2024

   ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏ အဆိုအရ ယခုနှစ် ပထမ (၆)လတွင် ပုဇွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၄ သန်းရှိခဲ့ပြီး လွန်ခဲ

Pages