Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Aug 2024

    အင်ဒိုနီးရှားနိုင်ငံတွင် ကုန်စည်ဝယ်ယူရရှိရန် လွယ်ကူမှုကို အာမခံချက်ပေးနိုင်ရန်အတွက် အရေးကြီးစားသောက်ကုန်စာရင်း၌ ဂျုံမှုန့်နှင့်ဆားတို့ကို ထည့်သွင်းသတ်မှတ်ရန် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က အဆိုပြုခဲ့ကြောင်း သိရှိရသည်။

05 Aug 2024

    ပြည်တွင်း၌ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံလုံလောက်မှုရှိစေရေးကို အထောက်အပံ့ပြုရန် ကြိုးပမ်း အားထုတ်မှုအဖြစ် အိန္ဒိယနိုင်ငံအစိုးရသည် ပဲစင်းငုံတိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၃၅ ခုနှင့် မတ်ပဲ တိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၁၃ ခုတို့ကို ခွဲခြားသတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ နယ်မြေဒေသများတွင် မိုးသီးနှံရာသီ၌ ၎င်းပဲနှစ်မျိုးစိုက်ပျိုးရန်အတွက် အထွက်နှုန်းမြင့်မားသော မျိုးစေ့များကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

02 Aug 2024

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောနိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

01 Aug 2024

       မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းမှထွက်ရှိသည့် ဝါးပိုးမျှစ်သည် ယခုနှစ်မိုးရာသီ၏ ရာသီစာ အစားအသောက်တစ်ခုအဖြစ် ဈေးကွက်ဝင်သည်။ ထိုရာသီစာမျှစ်ကို အစိမ်းကိုသော်လ်လးကောင်း၊ မျှစ်ပြုတ်၍သော်လည်းကောင်း ပြုလုပ်ရောင်းချသည်ကိုတွေ့ရှိရသည်။ မျှစ်နုများကို မော်လမြိုင်မြို့၊ ကျိုက်မရောမြို့၊ မုဒုံမြို့အနီးအနားရှိ ကျေးရွာများမှတင်သွင်းပြီး မျှစ်နုအသေးများကို အစည်းငယ်များစည်း၍ ရောင်းချလေ့ရှိပါသည်။ မျှစ်ဈေးနှုန်းများမှာ မျှစ်နုအသေးအပြုတ်(၅)ကျပ်သား ( မျှစ်ချောင်း ၄ချောင်း၅ချောင်းပါ

31 Jul 2024

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ ပန်းထိမ်ငိုပန်း၊ သပြေပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်း များကို မြို့ပေါ်ရှိရပ်ကွက်များ၊ မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်ကျေးရွာများနှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရပါသည်။

Pages