Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Aug 2024

     ဂျပန်နိုင်ငံတွင် ယခင်နှစ်၌ ကျရောက်ခဲ့သော အပူလှိုင်းဒဏ်ကြောင့် ဆန်အရည်အသွေးဆိုင်ရာ ပြဿာနာများ ဖြစ်ပေါ်ခဲ့ပြီး ဖြန့်ဖြူးမှု ကျဆင်းလာခြင်းကြောင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ အချို့သော စူပါမားကတ်များသည် အထိတ်တလန့် ဆန်ဝယ်ယူမှုများကို တားဆီးရန်အတွက် ကန့်သတ်ချက်များ ချမှတ်ထားကြောင်းနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာပြီးနောက် စားသောက်ကုန် ဝယ်လိုအား တိုးလာခြင်းကြောင့် ဈေးနှုန်းမျာ

05 Aug 2024

    ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့် (B35) ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံးပြုလျက်ရှိရာမှ လာမည့် ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း (B40) အထိရောနှော၍ လောင်စာဆီအဖြစ် အသုံးပြုရန်စမ်းသပ်နေသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနက ပြောကြားကြောင်း The Edge Malaysia  သတင်းဌာနက ၂၄-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

05 Aug 2024

    အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အဓိကဈေးကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း၊ ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖွယ်ရှိပြီး ဘတ်ငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းစသည့် အခြေအနေများအရ ထိုင်းနိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်က ခန့်မှန်းထားသည့် တန်ချိန် ၇.၅ သန်းကို ကျော်လွန်လျက် တန်ချိန် ၈.၂ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိမည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

05 Aug 2024

     လာမည့်စိုက်ပျိုးရာသီအတွက် ပြင်ဆင်သည့်အနေဖြင့် လယ်ယာရိတ်သိမ်း ချွေလှေ့မှုမှ ကျန်ရှိသော စွန့်ပစ်ပစ္စည်းများကို မီးရှို့ရှင်းလင်းသည့် ထိုင်းနိုင်ငံမှတောင်သူများသည် PM 2.5 အဆင့်ရှိသော လေထုညစ်ညမ်းမှုကို လျှော့ချရန် ရည်ရွယ်သည့် လှုပ်ရှားမှုအရ ထိုင်းအစိုးရ၏ အထောက်အပံ့များ လက်ခံရရှိတော့မည်မဟုတ်ကြောင်း သိရှိရသည်။

05 Aug 2024

   အိန္ဒိယနိုင်ငံတွင် ရာဂျာဆာဘလွှတ်တော်၌ မေးမြန်းချက်အပေါ် တရားမဝင်တင်သွင်းလာသော ကွမ်းသီးများ ဖမ်းဆီးရရှိသည့်အကြိမ် အရေအတွက်နှင့် ကုန်စည်ပမာဏသည် မကြာသေးမီ နှစ်ကာလများအတွင်း သိသာစွာ မြင့်တက်လာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖြေကြားခဲ့ကြောင်း အိန္ဒိယ Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

Pages