ကုန်သွယ်မှုသတင်းများ
၂၀၂၄ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ တောင်သူ ဦးမြင့်နိုင်၏ နယူးဧရာ(၁) စပါးမျိုးစိုက်ပျိုးထားသော လယ်(၁၂)ဧက၌ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦးနှင့် မုံရွာခရိုင်များ၌ စပါး၊ ဆန်ဈေးနှုန်းများမှာ ယခင်အပတ်များအတိုင်း ဈေးအေးနေသော်လည်း ကသာခရိုင်(အင်းတော်မြို့နယ်)၌ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀ဈေးနှုန်းမှာ ယခင် မေလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာတွင် မိုးနှမ်းကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)မှ စတင်၍ တောင်သူ(၁၅၀)ဦးမှ စိုက်ဧက(၁)ထောင်ကျော်ခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ထနောင်းဇင်အုပ်စုရှိ သဲကန်ကျေးရွာတွင် ရာသီအလိုက် ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် စပါးတို့ကိုအဓိကထားစိုက်ပျိုးပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စတင်စိုက်ပျိုးထားပြီး နှမ်းနီနှင့်နှမ်းဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။

မေလ (စတုတ္ထပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၇၇၈၀၊ ကချင်သို့ အိတ်ရေ ၄၇၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၈၄၉၈၀) အိတ်၊ တန်အားဖြင့် (၄၂၄၉) တန်စီးထွက်ခဲ့ပြီး ယခု ဇွန်လ (ပထမပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၁၀၀၀၊ မန္တလေ
