ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်၊ မုန်းချောင်းတောင်ဘက်တွင် ဆီထွက်သီးနှံ နွေနှမ်းများစိုက်ပျိုးကြပြီး မုန်းချောင်းမြောက်ဘက်တွင် နွေစပါးများကိုစိုက်ပျိုးကြပါသည်။ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာတွင် နွေစပါးမျိုးဖြစ်သည့် မနောသုခ၊ ဆင်းရတနာတိုး၊ ဆင်းသွယ်လတ်စပါးများကို အများအပြားစိုက်ပျိုးကြသော်လည်း ဆာဖိုးသာစပါးသည် မြန်မာနိုင်ငံ၏ နွေရာသီဥတုနှင့်အကိုက်ညီဆုံးသော စပါးမျိုးဖြစ်သည့်အတွက် ပွင့်ဖြူမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ရွာခိုင်ကျေးရွာ၌ ဧက(၁၀၀) စီမံကိန်းခ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် မြေလတ်ဒေသတွင်တည်ရှိပြီး ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲနှင့်နှမ်းတို့အများဆုံးစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၏ ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် မိုးဦးကျကာလ မေလ၊ ဇွန်လတို့၌သာတွေ့ရှိရသော ရာသီစာတစ်မျိုးဖြစ်သည့်အင်ဥများ ရောင်းချလာကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် မင်းတုန်း၊ ငဖဲ၊ ပဒါန်းအနီးပတ်ဝန်းကျင်ရှိရွာများ၌ အလေ့ကျပေါက်ရောက်လေ့ရှိကာ တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာတွေ့ရှိရပြီး ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်းသိရပါသည်။ အင်ဥများကို ခြောက်သွေ့သောနေရာတွင်ထားပါက ၃ရက်နီးပါးအထားခံကြောင်းသိရှိရပါသည်။ အ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးကို ဒေသထွက် ခရမ်းချဉ်သီးများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့များမှ အဓိကမှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲစင်းငုံ(နီ)၊ မတ်ပဲ၊ ကုလားပဲအမျိုးမျိုး၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
