Main menu

အထက်မင်းလှမြို့၏ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် မြေလတ်ဒေသတွင်တည်ရှိပြီး ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲနှင့်နှမ်းတို့အများဆုံးစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပါသည်။

      အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁)၊ (၆)ရပ်ကွက်တွင် မိုးနှမ်းစိုက်တောင်သူ (၂၀၀)နီးပါးရှိပြီး စိုက်ဧကမှာ ဧက(၁၀၀၀)ကျော်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ထွန်းကြောင်းဆွဲအစေ့ချစနစ်ဖြင့် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၇၀)ကျော်တွင် ရိတ်သိမ်းကြောင်း၊ နှမ်းဖြူမျိုးကို အဓိကစိုက်ပျိုးပြီး  မျိုးကို တောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ်(၁၀၀၀၀)ဖြင့်ဝယ်ယူပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်အသုံးပြုရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် မိုးနှမ်း(၁)ဧကလျှင် ကျပ်(၁၅၀၀၀၀)ကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၈၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင်(၁၅)တင်းအထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းဖြူ(၁) တင်းလျှင် ကျပ်(၈၀၀၀၀)ခန့်ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်နေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ရောင်းချကြောင်း အမှတ်(၆)ရပ်ကွက်နေ မိုးနှမ်းစိုက်တောင်သူ ဦးဌေးမြင့်ထံမှသိရှိရပါသည်။

DOCA(မကွေး)