ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက်အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကိုရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်အနက် ပဲတီစိမ်းပင်ပေါက်ချဉ်ကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များလည်း စိုက်ပျိုးထားလျက်ရှိပြီး သံပုရာပင်များ အသီးသီး ရင့်ချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ် ပိုမိုရရှိကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မာလာပွင့်သည် မိုးဦးကာလတွင်ပေါ်သော သဘာဝပေါက်သောမာလာပွင့် မာလာပင်မှ အပွင့်ထွက်လာပြီး အပွင့်၏အရသာမှာ ပူရှိန်းရှိန်း၊ ရှတတ အာနိသင်ကြောင့် အစာချေဖျက်မှုကို အားပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးပါတယ်။ မာလာပွင့်သည်အတို့အမြုပ်အဖြစ်လည်း စားသုံးလို့ရသလို ဟင်းခါးချက်၍ သော်လည်းကောင်း၊ ဟင်းလှော်ထဲတွင် ထည့်၍လည်း စားသုံးလို့ရပါသည်။

ကောက်ကောက်ညွန့် ဆိုတဲ့အတိုင်းထိပ်ဖျားပိုင်း အညွန့်ကလေးက ခရုပတ်ပုံဝိုင်းပြီး ကောက်နေတာကိုတွေ့ရပြီး ကောက်ကောက်ညွန့်ကို တချို့က ဍကောက်ညွန့်လို့လည်း ခေါ်ပါတယ်။ ရာသီပေါ် ဟင်းရွက်တစ်မျိုးဖြစ်ပြီး အစိမ်းအတိုင်းမှာတော့ဝါးလိုက်ရင် ကြွပ်ပြီး ရေသောက်တဲ့အခါပူရှိန်းရှိန်းအရသာရှိကာ တောတောင်များ၌ သဘာဝ အလျှောက်ပေါက် ရောက်တက်ပြီး ဧပြီလတွင် တောင်ယာများမီးရှို့ပြီးချိန် မိုးများအနည်းငယ်ရွာသွန်းမှသာ လှိုင်လှိုင်ထွက်ရှိကြောင်းနှင့် ကောက်ကော်ညွှန့်များကို လူအများနှစ်ချိုက်စွာ စားသုံးသောကြော

၁၂.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။