ကုန်သွယ်မှုသတင်းများ
အယ်ဂျီးရီးယားနိုင်ငံသည် ၎င်း၏ရေနံစိမ်းထုတ်လုပ်မှုကို ဇူလိုင်လမှ အစပြု၍ တစ်ရက် လျှင်စည်ပေါင်း ၉၀၀၀ တိုးမြင့်မည်ဟု အယ်ဂျီးရီးယား စွမ်းအင်ဝန်ကြီးဌာန၏ မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။ အထူးသဖြင့်နွေရာသီတွင် ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းဝယ် လိုအားမြင့်တက်လာစေရန်ရည်မှန်ထားပြီး ထုတ်လုပ်မှု တိုးမြင့်ခြင်းသည် ဖွံ့ဖြိုးဆဲရေနံမြေများမှ ထွက်ရှိသော အထွက်နှုန်းကို ကောင်းမွန်စေပြီး နိုင်ငံတော်၏ အရင်းအမြစ်ကို ပိုမိုထိရောက်စွာ အသုံးချနိုင်စေရေးအတွက် အထောက်အကူဖြစ်စေကြောင်း ဝန်က

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်စန်းလွင် ပိုင်ဆိုင်သောဂန္ဓမာပန်း (မြနှင်းဖြူ)စိုက်ခင်းသို့ (၉.၅.၂၀၂၅) ရက်နေ့ နံနက် (၁၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

သစ်တော်သီးသည် မိုးရာသီသစ်သီးဝလံဖြစ်ပြီး သစ်တော်သီးကို အရောင်အသွေးနှင့် ပုံသဏ္ဍာန်တို့ပေါ်မူတည်ပြီး ယေဘူယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ ခွဲခြားထားပါသည်။ အာရှသစ်တော်သီးသည် အရွယ်အစားမကြီးမားပဲလုံးဝန်းကာ အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိသည်။ ဥရောပသစ်တော်သီးများကမူ မှည့်လာသည်နှင့်အမျှ တဖြေးဖြေး ပျော့ပျောင်းလာပြီး အရည်ရွှမ်းလာကြသည်။

ယခုအချိန်အတွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသောရာသီစာ ဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများကပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစာတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ကြရာတွင် အပင်၏ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကိုငရုတ်ကျည်ပွေ့ဖြင့် ထု၍ကျော်စားကြပါသည်။ ဖလံတောင်ဝှေးကို

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်း၌ အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်၊ ငြုပ်သီးတောင့်ရှည် တစ်ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ မန်းကျီးသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၅၈၀၀)ကျပ
